ဒဂုံတောင် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အတာသင်္ကြန်ရေသဘင်ပွဲဆင်နွဲကြကြောင်း သတင်းရရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ဗဟိုမဏ္ဍပ်၌ ပညာရေးသမီး ပျိုလေးများ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ယိမ်းအဖွဲ့များ ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များနှင့် ဆောင်ရွက်ပေးထားပြီး ပြည်သူများအေးချမ်းစွာရေကစားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက လိုအပ်သည်များစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁၆ ရက်သင်္ကြန်အတက်နေ့တွင် နံနက်ပိုင်းမှစ၍ မြို့နယ်ဗဟိုမဏ္ဍပ်၌ ပြည်သူများအေး ချမ်းပျော်ရွှင်စွာ အတာရေသဘင်ပွဲလာရောက်ဆင်နွှဲကြရာ ယိမ်းပျိုဖြူလေးများက ယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတအဖွဲ့က သင်္ကြန်သီချင်းများဖြင့် မြူးမြူးကြွကြွဖျော်ဖြေကြရာ ရေကစားသူများကလည်း ရေကစားရင်း လိုက်လံကပြကာ ပျော်ရွှင်စွာဆင်နွှဲကြကြောင်းသတင်းရရှိသည်။
သန်းသန်းအေး