ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ဝင်များ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လှိုင်ပိတောက်မေမဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်အားပေးလျက်ရှိ

လှိုင်သာယာ (အရှေ့ပိုင်း) ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်(အတတ်နေ့)ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့နံနက်ပိုင်း၌ ရေကစားခြင်းနှင့် ညနေပိုင်းဆုချီးမြင့်ခြင်းတို့ကို စက်မှုဇုန်အတွင်းရှိ ရန်ကုန်-ပုသိမ်လမ်းနှင့် ကနောင်မင်သားကြီးလမ်းထောင့်ရှိ လှိုင်ပိတောက်မေအတာသင်္ကြန်ပွဲတော်တွင် ပြည်သူများရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုတ်စွာ ကျင်းပလျက်ရှိသည်။

လှိုင်ပိတောက်မေ ရေကစားမဏ္ဍပ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးလျက်ရှိသည်။ လှိုင်ပိတောက်မေသင်္ကြန်မဏ္ဍပ်ရှိ ယိမ်းအဖွဲ့လှပျိုဖြူများ၏ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ တီးဝိုင်းအဖွဲ့နှင့်တေးသံရှင်များမှ သီဆိုဖျော်ဖြေခြင်း၊ DJ တီးလုံးတို့ဖြင့်ဖျော်ဖြေခြင်း၊ မဏ္ဍာပ်ရှေ့စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ပြည်သူများရေကစားနေခြင်းတို့ကို ကြည့်ရှုအားပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှိုင်ပိတောက်​မေ ရေကစားမဏ္ဍပ်အတွက် ဆုငွေကျပ်(၂၀)သိန်းနှင့် တီးဝိုင်းနှင့်အဆိုရှင်များဖျော်ဖြေရေးအဖွဲ့များ ဆုငွေ(၅)သိန်း စုစုပေါင်း(၂၅)သိန်းကျပ် ဆုချီးမြှင့်ပေးအပ်လျက်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန့်ဇင်မှ တီးဝိုင်းအဖွဲ့ခေါင်းဆောင်တို့ကို အသီသီးဆုချီးမြှင့်ပေးအပ်လျက်ရှိကြောင်းနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ ဆုရရှိသူ ပထမဆုသိန်းနှစ်ဆယ်ကျပ်၊ ဒုတိယဆုသိန်းဆယ့်ငါးကျပ်၊ တတိယဆုသိန်းဆယ်သိန်းကျပ်၊ နှစ်သိမ့်ဆုကျပ်သုံးသိန်းတို့ကို ညနေပိုင်းအစီအစဥ်တွင် ဆုချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်းမူ( ပြန်/ဆက်)