ဒဂုံတောင် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၁ ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး၊ ဗန္ဓုလအိမ်ရာတိုက်အမှတ်(၅)၊ အခန်း(၃၀)၊ RC(၆)ခန်းတွဲ(၄)ထပ် အဆောက်အဦရှိ(၄)လွှာ ညာဘက်အခန်းအမှတ်(၃၀၅)အခန်းတွင် ယနေ့နံနက် ၁၁:၅၀ နာရီက ဘက္ထရီမီးအားသွင်းရာ မှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
မီးလောင်မှုဖြစ်စဉ်မှာ အဆိုပါအခန်းရှိ ဆိုဖာပေါ်တွင် 100W ဘက္ထရီအားသွင်းစက်တင်ကာ 9 V ဘက္ထရီအသေး(၃)လုံးကို အားသွင်းရာမှ အပူလွန်ကဲပြီး ဆိုဖာသို့မီးကူးစက်လောင်ကျွမ်းရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူးဦးစီးအရာရှိဦးမြင့်သူ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၄၀ ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ရာ ၁၁:၀၄ နာရီတွင် မီးထိန်း၍ ၁၁:၀၅ နာရီတွင် မီးငြိမ်းသွားကြောင်းနှင့် အဆောက်အဦနှင့်အတွင်းပစ္စည်း ဆုံးရှုံးမှုတန်ဖိုး ကျပ်ရှစ်သောင်းဆုံးရှုံးပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
သန်းသန်းအေး