အလုံမြို့နယ်  ရွှေလုံမောင်-မယ် ရေကစားမဏ္ဍပ်သို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လာရောက် ကြည့်ရှုအားပေး

အလုံ  ဧပြီ  ၁၆

၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့ အတာရေသဘင်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊/ မြို့နယ် ရွှေလုံမောင်-မယ် ရေကစားမဏ္ဍ၌  ယနေ့နံနက် ၈နာရီခွဲ အချိန်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက်ရှိရာ အလုံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

  အလုံမြို့နယ် ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်၌ ယနေ့ သင်္ကြန်အတက်နေ့တွင် စမ်းချောင်းမြို့နယ်ယိမ်းအဖွဲ့၊ ကျောက်တံတားခရိုင် ယိမ်းအဖွဲ့၊ အလုံမြို့နယ်ယိမ်းအဖွဲ့နှင့် ဗဟန်းမြို့နယ် ယိမ်းအဖွဲ့တို့မှယိမ်းအကအလှများဖြင့်လည်းကောင်း၊ နိုင်ငံကျော်အဆိုတော်များမှ တေးသီ ချင်းများဖြင့်လည်းကောင်း  သီဆိုကပြဖျော်ဖြေခဲ့ကြရာ ပြည်သူများက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

ကပြသီဆိုဖျော်ဖြေခဲ့သော ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော်အဆိုတော်များအား အလုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်တင်ချို(ပြန်/ဆက်)