၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ သင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၌ အတာရေပက်ကစားသူများ၊ ဖျော်ဖြေရေး၊ ယိမ်းအက၊ စတုဒီသာများဧည့်ခံခြင်းဖြင့် စည်ကား

သင်္ဃန်းကျွန်း ဧပြီ ၁၆

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် သင်္ကြန်ချစ်သူ ပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ အတာရေပက် ကစားကြသူများ၊ ရေပက်ခံထွက်သူများ၊ ယိမ်းအက၊ ‌ဖျော်ဖြေရေး သင်္ကြန်သီချင်းနှင့်ခေတ်ပေါ်သီချင်းများ သီဆိုကာ မြူးထူးပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြိုနယ်များရှိ မြို့နယ်‌ဗဟိုရေကစား မဏ္ဍပ်များနှင့် မြို့နယ်များအတွင်းရှိ သင်္ကြန်ရေကစားမဏ္ဍပ်များတို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။

ဗဟိုရေကစားမဏ္ဍပ်များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ကာ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်များမှတာဝန်ရှိသူများက စတုဒီသာကျွေးခြင်းများဖြင့်‌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယိမ်းလှပျိုဖြူများမှက‌ပြ‌ ဖျော်ဖြေခြင်း၊ တေးသံရှင်များ၊ သီချင်းဝါသနာရှင်များမှ သီဆိုဖျော်ဖြေခြင်းတို့ပြုလုပ်ကြပြီး အတာရေ သဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 “Royal Thingyan” ရေကစားမဏ္ဍပ်ကို ဦးဘဟန်လမ်းရှိ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင်လည်းကောင်း၊ “အတာကူးရေတန်ခူးလေ ရေကစားမဏ္ဍပ်ကို တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် လည်းကောင်း “ရန်ကင်း ပိတောက်ရေကစားမဏ္ဍပ်ကို ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းလမ်းမကြီးပေါ် တွင်လည်းကောင်းပိတောက်သစ္စာရေကစား မဏ္ဍပ်ကို တောင်ဥက္ကလာပ မြို့နယ်အမှတ်(၉)ရပ်ကွက်၊ သစ္စာလမ်းမကြီးပေါ်တွင်လည်းကောင်း ဆောက်လုပ်ထားပြီး မဟာသင်္ကြန်ရက်များတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာရေကစား အပန်းဖြေနိုင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)