ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အတက်နေ့၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများ ပျော်ရွှင်စွာဆက်လက်ရေကစား

မြစ်သား ဧပြီ  ၁၆

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ယခုနှစ် သင်္ကြန်ကာလတွင် လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းရေကစားဆောင်ရွက်ခဲ့ပြီး ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အတက်နေ့တွင်လည်း ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများပျော်ရွှင်စွာဆက် လက် ရေကစားလျက်ရှိကြောင်းသိရသည်။

ဌာနဆိုင်ရာ ယိမ်းအကများ၊ မြို့ပေါ်ရပ်ကွက်ကြီးများမှ ယိမ်းအဖွဲ့များကလည်း အလှည့်ကျယိမ်းအဖွဲ့ အကများဖြင့်လည်းကောင်း၊ ခေတ်ပေါ်သီချင်းများ၊ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေလျက်ရှိပြီး စတုဒီသာအကျွေးအမွေးများဖြင့် ယခင်နေ့ထက်ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များကလည်း ပြည်သူများအပန်းဖြေ‌ရေကစားမှုအဆင်ပြေစေရန် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သီတာအောင်(မြစ်သား