ရခိုင်ပြည်နယ်၊ အမ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ပြည်သူများပျော်ရွှင်စွာရေကစားလျက်ရှိ

အမ်း   ဧပြီ  ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်မြို့ပေါ် ရပ်ကွက်ရေလောင်းမဏ္ဍပ်များနှင့်အနီး ပတ်ဝန်းကျင်ရှိရေလောင်းမဏ္ဍပ်များ ယနေ့နံနက် ၁၀ နာရီ အချိန်စတင်ကာဖွင့်လှစ်၍ ၁၁ နာရီအချိန်၌ ရေလောင်းသူများရေပက်ခံသူ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

အမ်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင်လည်း ဌာဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်များအတွင်းမှ ယိမ်းအဖွဲ့များကပြဖျော်ဖြေခြင်း၊ ဝါသနာရှင်ဖျော်ဖြေရေးအဖွဲ့များက  ရွှေအမ်းမြေတေးဂီတအဖွဲ့နဲ့တွဲဖက်ကာသီဆိုဖျော် ဖြေခြင်းများနှင့်ဖိတ်ကြားထားသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတိုင်းမှူးနှင့်တာဝန်ရှိသူများက ဖျော်ဖြေရေးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်းနှင့်အတူ အတာရေပက်ဖြန်းခြင်း၊ စတုဒိသာကျွေးမွေးဧည့်ခံလျက်ရှိကြရာ ပြည်သူများပျော်ရွင်စွာ ပါဝင်ဆင်နွဲလျက်ရှိကြကြောင်း သိရသည်။

ထို့အပြင် အမ်းမြို့ပေါ်ရှိ လေယာဥ်ကွင်းရပ်ကွက်အမ်းချောင်းထဲရှိ အမ်းချောင်းသင်္ကြန်မဏ္ဍပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်နှင့် အမှတ်(၃)ရပ်ကွက် ရေကစားမဏ္ဍပ်များ၌  မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုများက မိသားစု ၊ သူငယ်ချင်းများစုပေါင်းကာ မော်တော်ယာဉ်၊ သုံးဘီးယာဥ်၊ ဆိုင်ကယ်များဖြင့်အဖွဲ့များအလိုက် ရေပတ်ခံထွက်ခြင်း၊ ရေလောင်းခြင်းများ၊ ရပ်ကွက်များရှိနေအိမ် ရှေ့ဘက်တွင် ရေကစားမဏ္ဍပ်ငယ်များ​ဆောက်လုပ်ကာ  ရေပတ်ကစားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

မြို့ပေါ်ရပ်ကွက် အမ်းချောင်းဘေးအမ်းချောင်းလမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် စင်တင်တေးဂီတဖျော်ဖြေရေးအစီအစဥ်နှင့်အတူ ရေပက်ခံသူများအမ်းချောင်း၌ ရေကစားသူများဖြင့်အထူးစည်ကားပျော်ရွှင်အေးချမ်းစွာ ရေသဘင်ပွဲပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်