တိုက်ကြီး အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မြို့မဈေးတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ဈေးအတွင်းရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်၏ ကြီးကြပ်မှုဖြင့် မြို့မ ဈေးတာဝန်ခံ ဒုဦးစီးမှူး ဒေါ်ချယ်ရီလွင် ဦးဆောင်သော ဝန်ထမ်းများက ဈေးအတွင်း အသား ငါးတန်းရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ခြင်မပေါက်ပွားစေရေး၊ အမှိုက်များ တစ်ဆို့မှုမရှိစေရေး အတွက် အမှိုက်များဆယ်ယူခြင်း၊ ဆယ်ယူပြီး အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေး စသည့် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)