ပုဇွန်တောင်မြို့နယ်၌ သင်္ကြန်အတက်နေ့တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားပြီး အေးချမ်းစွာသင်္ကြန်ပွဲတော်ကို ဆင်နွှဲ

ပုဇွန်တောင် ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်၌ ရေကစားလာကြသူများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒီသာလာရောက်သုံးဆောင်သူ ပြည်သူများဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၌ ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်တွင် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းအဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များက ယိမ်းအကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ မြို့နယ်ဂီတအစည်း အရုံးမှတေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းအပြင် မြို့နယ်အသီးသီးတို့မှ ယိမ်းအဖွဲ့များလည်း လာရောက်ဖျော်ဖြေကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဆုများချီးမြှင့်ခဲ့သည်။ စတုဒိတာမဏ္ဍပ်တွင်လည်း  ယနေ့တွင် မုန့်လုံးရေပေါ်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘုရားကျောင်းကန်များတွင်လည်း သီလစောင့်တည်သူများရှိပြီး ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာများတွင် ဒုလ္လဘရဟန်းနှင့် ယောဂီများမှ တရားအားထုတ်မှုများပြုလျက်ရှိကြောင်း သတင်းရရှိသည်။  

ဟန်စုယဉ်