မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ

သာကေတ ဧပြီ ၁၆

မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အတက်နေ့)၊ ဧပြီ(၁၆)ရက်နေ့၌  ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မဟာသင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံထွက်ကြသူများ၊ ရေကစားကြသူများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

သာကေတမြို့နယ်အတွင်း ရေပက်ခံထွက်ကြသူများဖြင့် ပျော်ရွှင်စွာရေကစားခဲ့ကြသလို ရေကစားမဏ္ဍပ်တွင် စတုဒီသာကျွေးမွေး လှူဒါန်းခြင်း များဖြင့်မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကလေးသူငယ်များ ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒီသာများကျွေးမွေးခြင်းနှင့် ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် သင်္ကြန်ကာလကို ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)