သံတွဲမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ရေကစားသူများဖြင့် အထူးစည်ကား

သံတွဲ ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရခိုင့်ရိုးရာရေကစားးမဏ္ဍပ်များ ၊ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ အထူးစည်ကားလျှက် ရှိကြောင်းသိရသည်။

အဆိုပါမဟာသင်္ကြန်အတက်နေ့တွင်လည်း အနယ်နယ်၊ အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစား အပန်းဖြေ အနားယူသူများ ယခင်နေ့ကထက် ပိုမိုများပြားကာ အေးချမ်းသာယာစွာဖြင့် အထူးစည်ကားလျက်ရှိသည်။ 

သန့်ဇင်(ခရိုင်ပြန်/ဆက်)