ဒလမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ဒလ ဧပြီ ၁၆ ရက်

မြန်မာ့သက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (အတက်နေ့)၊ ဧပြီလ (၁၆)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရေပတ်ခံထွက်ကြသူများ၊ ရေကစားကြသူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ် နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန်ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့် အညီနှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်အတာရေဖြင့် တစ်ဦးကိုတစ်ဦးကြည်နူး သိမ်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာရေကစားကြသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။       

ဒလမြို့နယ်အတွင်း ရေပက်ခံထွက်ကြသူများဖြင့် ပျော်ရွှင်စွာရေကစားကြသလို ရပ်ကွက်များတွင်လည်း ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။ ထိုနောက် နေအိမ်များတွင်လည်း စေတနာရှင်အလှူရှင်များက စုပေါင်း၍ စတုဒီသာကျွေးမွေး လှူဒါန်းခြင်းများဖြင့် မြန်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြောင်းသိရသည်။  

 ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း တိုက်အသီးသီးတို့တွင် တရားဒေသနာတော် နာယူကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် ကုသိုလ်ကောင်းမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

မြင့်ဇော် (ပြန်ဆက်)