မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အတက်နေ့)တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ

တွံတေး ဧပြီ ၁၆ ရက်

မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)၊ ဧပြီ(၁၆)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရေပတ်ခံထွက်ကြသူများ၊ ရေကစားကြသူများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း ရေပတ်ခံထွက်ကြသူများဖြင့် ပျော်ရွှင်စွာ ရေကစားခဲ့ကြသလို  ရေကစားမဏ္ဍပ်တွင် ယမန်နေ့ညနေ့ အကြတ်နေ့က ရေလာရောက်ကစားသူများနှင့် နေအိမ်များတို့တွင်လည်း စေတနာအလှူရှင်များစုပေါင်း၍ စတုဒီသာကျွေးမွေး လှူဒါန်းခြင်းများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ လျက် ရှိကြောင်းသိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတို့တွင် တရားဒေသနာတော် နာယူကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

တွံတေးသား