မိုးညှင်း ဧပြီ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့စုပေါင်းရုံးရှိ ခရိုင်ဗဟိုမဏ္ဍပ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးမြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ယနေ့နံနက်(သင်္ကြန်အတက်နေ့)တွင် ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
မိုးညှင်းခရိုင်ဗဟိုမဏ္ဍပ်ကို သင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များဦးဆောင်မှုဖြင့် ယခင်နှစ်ထက်ပိုမိုစည်ကားလျက်ရှိပြီး ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ အဆိုဝါသနာရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် ရေကစားကြသူများမှ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြကြောင်း၊ မဟာသင်္ကြန် (အကြိုနေ့)မှစ၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ အချိုရည်အအေးများ၊ စတုဒိသာမုန့်များဖြင့် နံနက်နှင့်ညနေ တစ်ရက်နှစ်ကြိမ်ခွဲ၍ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)