ကျောက်ဆည် ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အတက်နေ့ဗဟိုမဏ္ဍပ်နှင့်ရပ်ကွက်များတွင် ယနေ့နံနက်(၉:၃၀)နာရီတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားသူများနှင့်စည်ကားလျက်ရှိကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ကျောင်းများ၊ အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတို့မှ ကိုယ်စားပြုယိမ်းအကအဖွဲ့များနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့များမှ မြူးကြွသည့် တေးသီချင်းများဖြင့် အလှည့်ကျသီဆိုကပြဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိရာ ရေကစားသူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ချစ်သူ ပြည်သူများအနေဖြင့် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ လာရောက်ရေကစားလျက်ရှိပြီး အန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရန်နေရာများကိုလည်း စီစဉ်ဆောင်ရွက်ပေးထားရာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)