ကွမ်းခြံကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အတက်နေ့) ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ

ကွမ်းခြံကုန်း ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ဧပြီလ ၁၆ ရက်နေ့တွင် ဗဟိုမဏ္ဍပ်၌ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆင်နွှဲရာတွင် ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များမှ အားပေးကြည့်ရှုခဲ့ကြပြီး လာရောက်ကပြဖျော်ဖြေကြသည့် ယိမ်းအကအဖွဲ့များအား ဆုတော်ငွေများချီးမြှင့်ခဲ့ကြသည်။

အဆိုပါမဏ္ဍပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖျော်ဖြေရေးအစီအစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်းအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းများကို ပျော်ရွင်စွာဆင်နွှဲခဲ့ကြပြီး ပြည်သူများအား စတုဒိသာများဖြင့် ဧည့်ခံ‌ကျွေးမွေးလျက်ရှိသည့်အပြင် ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိပြီး ထမင်း၊ ဟင်းများ၊ မုန့်လုံးရေပေါ်များ၊ မုန့်လက်ဆောင်များဖြင့် ဧည့်ခံ‌ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(IPRD)