ပင်းတယ ဧပြီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)၌ ငှက်ပျောတောရပ်ကွက်၊ ရွှေဥမင်ဘုရား နယ်မြေအတွင်းရှိ ဗဟိုရေကစားမဏ္ဍပ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူး ဧည့်သည်များ၊ ဒေသခံပြည်သူများဖြင့် ပျော်ရွှင်အေးချမ်းစွာ စည်ကားလျက်ရှိကြောင်းသိရသည်။
ပင်းတယမြို့တွင် မဟာသင်္ကြန်ရေကစားမဏ္ဍပ်များဖြင့် ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ ယိမ်းအကအဖွဲ့များဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒီသာမဏ္ဍပ်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ ရေကစားမဏ္ဍပ်များဖြင့် အတာရေပက်ဖျန်းခြင်းတို့ကို အနယ်နယ်အရပ်ရပ်မှ လာရောက် ကြသော ဘုရားဖူးဧည့်သည်များနှင့် ဒေသခံပြည်သူများက မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်တွင် လာရောက်ရေကစားကြ သည့် ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပြည်သူများ၏လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပင်းတယမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ တရားဘဝနာ ပွားများအားထုတ်ကြသူများ၊ စတုဒီသာကျွေးမွေးဧည့်ခံခြင်း အလှူများဖြင့် စည်ကားလျက်ရှိပြီးမြို့နယ်အတွင်းရှိ အထင်ကရနေရာများတွင်လည်း လာရောက် အပန်းဖြေကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)