မဟာအောင်မြေ ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်(အတတ်နေ့) လုံခြုံအေးချမ်းပျော်ရွှင်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ရဲ့ မင်္ဂလာမန္တလေးမဟာနှစ်သစ်ကူး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန် လာရောက်ရေကစားကြသော အများပြည်သူများအား စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ကစားနိုင်စေရန် တစ်နေ့တစ်ခြားထူးခြားစွာ ဖျော်ဖြေပေးလျက်ရှိရာ သင်္ကြန်အတတ်နေ့အထိ အများပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာကစားနိုင်စေရန် တာဝန်ရှိပုဂ္ဂိုလ်များမှ စီစဉ်ပေးထားပြီး နေ့စဉ်မနက်(၉)နာရီမှ(၁၂:၃၀)အထိ ညနေ(၃:၀၀)နာရီမှ(၆:၀၀)အထိ တေးသံရှင်အဆိုတော်များဖြင့် ဖျော်ဖြေပေးခဲ့ပြီး နေ့လယ်စားအတွက် ထမင်းဗူးများ၊ စားသောက်ဖွယ်ရာများ၊ အချိုရေဗူးများ၊ မုန့်လက်ဆောင်များ၊ စတုဒိသာမဏ္ဍပ်များ၊ ဆင်အလှများနှင့် လမ်းလျှောက်သင်္ကြန်လာရောက်ကြသော အများပြည်သူများ နေ့စဉ်သာယာလှပစိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရေကစားနိုင်စေရန်ချစ်စရာ သနပ်ခါးသင်္ကြန်အဖြစ်လည်း လမ်းလျှောက်အနားယူနိုင်ပြီး ရာသီဉတုအပူဒဏ်ခံနိုင်စေရန်အတွက်လည်း အမိုးကာများဖြင့် သင်္ကြန်အကြိုနေ့မှ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့အထိ လုံခြုံအေးချမ်းပျော်ရွှင်စွာ ကျင်းပပေးလျက်ရှိကြောင်း ရေကစားမဏ္ဍပ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးထံမှ သိရသည်။
အောင်ဇော်မင်း