လှည်းကူး ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၂)ရက် ခရစ်သက္ကရာဇ် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)တွင် မြို့မရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပဲခူး-ရန်ကုန်လမ်းပေါ်ရှိဗဟိုမဏ္ဍပ်၌ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးရာ ရပ်ကွက်/ကျေးရွာများမှယိမ်းအဖွဲ့ (၆)ဖွဲ့မှ အလှည့်ကျကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး မဏ္ဍပ်သို့လာရောက်ရေကစားသူ ပြည်သူများအား စတုဒီတာများဖြင့်ကျွေး မွေးခဲ့ကြောင်းသိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)