လောက်ကိုင် ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ သင်္ကြန်ကာလတွင် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိရာ ရေပတ်ခံထွက်သူများမှလည်း မော်တော်ယာဉ်များဖြင့် ရေပတ်ခံထွက်ကြပြီး အလှူဒါနပြုလုပ်သူများမှလည်း စတုဒီတာများကို ကျွေးမွေးလျက်ရှိကြောင်းသိရသည်။
ယနေ့ မဟာသင်္ကြန်(အတက်နေ့) နံနက်ပိုင်းအချိန်တွင်လည်း ယိမ်းအကအလှများ၊ စတိတ်ရှိုးတေးဂီတများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေပေးကြပြီး ညနေ ၅ နာရီအချိန်တွင် မဟာသင်္ကြန်ပိတ်ပွဲကိုလည်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ညိုညိုဝင်း (လောက်ကိုင်)