ငပလီ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ မဟာသင်္ကြန်အကျနေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် မြို့ပေါ်ရပ်ကွက်ငပလီကမ်းခြေတို့တွင် ယနေ့အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
အဆိုပါမဟာသင်္ကြန်အကြတ်နေ့တွင် အနယ်နယ်၊ အရပ်ရပ်မှလာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပရေခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစားအပန်းဖြေအနားယူသူများ ယခင်နေ့ကထက် ပိုမိုများပြားကာ အေးချမ်းသာယာစွာဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
မြင့်မြင့်အေး(ငပလီပြန်/ဆက်)