သုံးခွမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) ပြည်သူများ​အေးချမ်း​ပျော်ရွှင်စွာ ရေကစား

သုံးခွ  ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊  သန်လျင်ရိုင်၊  သုံးခွမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင်ရေက စားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့်အေးချမ်း ပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ မြို့နယ်ရေကစားမဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ တေးသီချင်းများ ဖြင့်ဖျော်ဖြေခြင်း ရေကစားခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော် အတက်နေ့ကို ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃) ရက်‌နေ့မှ ယနေ့အထိ မြို့နယ်ရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ သီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေးရာတွင် သုံးခွမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်ပရိသတ် များက ကြည့်ရှုအား​ပေးခဲ့ကြပြီး ကပြ​ဖျော်​ဖြေသည့် ယိမ်းအဖွဲ့များနှင့် သီဆို​ဖျော်​ဖြေကြသည့်အဆို​တော်များအား ဆုများအသီးသီးချီးမြှင့်ခဲ့​ကြောင်း သိရသည်။

အဆိုပါမဏ္ဍပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖျော်ဖြေရေးအစီအစဉ်များစီစဉ် ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းများကို ပျော်ရွင်စွာ ဆင်နွှဲခဲ့ကြပြီး ပြည်သူများအား စတုဒိသာထမင်းများ၊ ဟင်းများဖြင့်ဧည့်ခံ‌ ကျွေးမွေးလျက်ရှိသည့်အပြင် ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိပြီး ထမင်း၊ဟင်းများ မုန့်လုံးရေပေါ်များဖြင်ဧည့်ခံ‌ကျွေးမွေးလျက်ရှိကြောင်းသိရသည်။

စည်သူလင်း