မုဒုံ ဧပြီ ၁၆
မဟာသကြင်္န်အတတ်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများ၊ တရားဘာဝနာပွားများသူများနှင့် မြို့နယ်ရေကစားမဏ္ဍပ်များ၌ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူး မဟာသကြင်္န် (အတတ်နေ့) နံနက်ပိုင်းမှစတင်၍ မုဒုံမြို့ရှိ အထင်ကရတန်ခိုးကြီးဖြစ်သည့် အတောင် (၄၀၀)ပြည့်လျောင်းတော် မူဘုရားကြီးနှင့် ကန်ကြီးစေတီတော် စသည့် စေတီပုထိုးများ၌ ဒေသခံပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ရွှေကြာသင်္ကန်းတို့ကို ကပ်လှူ ပူဇော်ကြပြီး ဥပုသ်သီလဆောက်တည်ကြသည့်အပြင် တရားစခန်းများတွင်လည်း တရား ဘာဝနာပွားများကြသည်။ ထို့ပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စတုဒီတာများ ကျွေးမွေးဧည့်ခံလျက်ရှိရာဒေသခံများနှင့် ရေပက်ခံသူများက အတာသကြင်္န်ရေသဘင်ပွဲတော် ကို အေးချမ်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)