ဝမ်းတွင်းမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ပြည်သူများပျော်ရွှင်စွာ ဆင်နွှဲ

ဝမ်းတွင်း ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ပြည်သူများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နေ့များတွင် ဗဟိုမဏ္ဍတွင် ပညာရေးယိမ်းအဖွဲ့(၁)၊ ပညာရေးယိမ်းအဖွဲ့(၂)၊ ဝမ်းတွင်း ယိမ်းအဖွဲ့၊ သဲတောယိမ်းအဖွဲ့များမှ ဖျော်ဖြေ ကပြခဲ့ကြပြီး လင်းထိုက်(Music)အဖွဲ့မှ မြန်မာမှု တေးသံသာ၊ ခေတ်ပေါ်တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ပြည်သူများအနေဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိပြီး လမ်းမကြီး တစ်လျှောက် တိုးမပေါက်အောင် စည်ကားလျက်ရှိကြောင်းနှင့် ဗဟိုမဏ္ဍပ်၏ သီဆိုဖျော်ဖြေနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော် အရာရှိများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နေ့များတွင် ဗဟိုမဏ္ဍပ်နှင့် သဲတော-ဝမ်းတွင်းလမ်းမကြီးတစ်လျှောက်ရေကစားမဏ္ဍပ်များ၊ ရန်ကုန်-မန္တလေးလမ်းတစ်လျှောက်ရှိ ရေကစားအုန်းလတ်မဏ္ဍပ်များတွင် ပြည်သူများအနေဖြင့်  စိတ်အေးချမ်းပျော်ရွှင်စွာ ရေပတ်ခံ ထွက်သူများ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)