မချမ်းဘော့ ဧပြီ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ သင်္ကြန်ကာလဓမ္မဒူတခရီးစဥ်အဖြစ် ကြွချီတော်မူလာသော သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဉာဏ သံဝရ မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် ယမန်နေ့နေ့လယ် ၁ နာရီတွင် မချမ်းဘော့မြို့တစ်ဖက်ကမ်းရှိ ပူတာအိုမြို့နယ်နောင်ခိုင် ကျေးရွာစက်လှေဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် နတ်ကျွန်းပေါ်ရှိ စူဠာမဏိစေတီတော်ကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ဘုရားကြီးသွားရာ ရေလမ်းတစ်လျှောက်တွင် မချမ်းဘော့မြို့နယ်ရှိ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူအပေါင်းတို့က လိုက်လံဖူးမျှော်ကြည်ညိုကြပြီး ဆရာတော်ဘုရားကြီးမှ ၁ နာရီအကြာ ဘုရားရှိခိုးဖူးမျှော်ကြည်ညိုပြီးနောက် ညနေ ၃ နာရီတွင် ခေတ္တသီတင်းသုံးတော်မူရာ မလိခလော့ဟိုတယ်သို့ ပြန်လည်ကြွရောက်တော်မူကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)