ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သင်္ကြန်အကြတ်နေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲ

ဟိုပုံး   ဧပြီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာအခါသမယဖြစ်တဲ့ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံလည်ပတ်သူများ၊  ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။

ဟိုပုံးမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ကာလ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ကြပြီး မဟာသင်္ကြန်မဏ္ဍပ်ကြီးတွင် ယိမ်းအကအလှများ၊ အဆိုတော်များ၊ ဒီဂျေများဖြင့် ရေကစားသူများပျော်ရွှင်စွာရေကစားနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးပြီးနောက် ယိမ်းအကအလှများ၊ အဆိုတော်များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)