တောင်ကုတ် ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပလျက်ရှိရာ ယမန်နေ့သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
မြန်မာ့ရိုးရာယာဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြီးကြပ်လျက်ရှိပြီး ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းပြိုင်ပွဲများ၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိပြီး ရပ်ကွက်များအတွင်းရှိ မဏ္ဍပ်ကြီးများတွင်လည်း စင်တင်တေးဂီတများဖြင့် အထူးစည်ကားလျက်ရှိသည်။
တောင်ကုတ်မြို့နယ်တွင် သင်္ကြန်ပွဲတော်ကို ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာမကျင်းပဖြစ်သည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုနှစ်တွင်ကျင်းပရာတွင်မြို့ပေါ်၌ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်များတွင်လည်း ရေကစားမဏ္ဍပ်ကြီးများနှင့် မဏ္ဍပ်ငယ်များဖြင့် မြို့လုံးပြည့် စည်းကားလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်