ပေါင် ဧပြီ ၁၆
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် အကြတ်နေ့တွင် ပြည်နယ်ဝန်ကြီး ချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယမန်နေ့ နေ့လယ်ပိုင်းက ပေါင်မြို့နယ် ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများနှင့် တေးသီချင်းများသီဆိုနေမှုများကိုကြည့်ရှု့အားပေးခဲ့ပြီးဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နိုင်ငံကျော်တေးသံရှင်များဖြင့် သင်္ကြန်ကာလအတွင်း ဖျော်ဖြေသွားမှာဖြစ်ပြီး ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းနောက် မဟာသင်္ကြန်ကာလရုံးပိတ်ရက်ရှည်ကာလ၌ သင်္ကြန်အကြိုနေ့မှစ၍ အနယ်နယ်အရပ်ရပ်မှ သင်္ကြန်ရေပက်ခံထွက်သူများနှင့် အပန်းဖြေရေကစားသူများများပြားလျက်ရှိပြီး လာရောက် အပန်းဖြေရေကစားသူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေရေကစားနိုင်ရေး မြို့နယ်အတွင်းရှိတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးထားပြီး အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)