ကျိုက်ထို ဧပြီ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အလှူရှင်များစုပေါင်းကာ နေ့စဉ်ပြည်သူ့ဈေးရှေ့၌ ကြာဇံကြော်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက်ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့အား အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်