ပုဇွန်တောင် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များသည် ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်သို့ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များသည်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများက အကအလှများနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များနှင့် တေးသံရှင်များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ယိမ်းအကအဖွဲ့များအား အတာရေများ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက်စတုဒိသာမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှုအားပေး ခဲ့ကြသည်။
ယနေ့ သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်သို့ ရန်ကင်းမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့မှ ပညာရေးယိမ်းအဖွဲ့ လှပျိုဖြူလေးများလာရောက်ကပြဖျော်ဖြေပေးခဲ့ပြီး ယိမ်းအဖွဲ့များနှင့် တေးသီချင်းများ ဖျော်ဖြေပေးခဲ့သူ တေးသံရှင်များအား ဗိုလ်တထောင်ခရိုင်နှင့် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှဆုတော်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယနေ့စတုဒီသာကျွေးမွေးမှုအစီအစဉ်အား ဗိုလ်တထောင်ခရိုင်မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်