ဟိုပန် ဧပြီ ၁၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ နှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့(အကြို)နေ့မှစ၍ ကျင်းပလျက်ရှိရာ ယမန်နေ့ အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိပါသည်။ နံနက် ၁၀ နာရီအချိန်မှစ၍ ဗဟိုမဏ္ဍာပ်တွင် သင်္ကြန်ယိမ်းအကများနှင့် နိုင်ငံကျော်တေးသံရှင်များမှ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိပြီး ပြည်သူများကလည်း ပျော်ရွှင်စွာဖြင့် ရေကစားကာ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေတင်ဆက်မှုများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ကွမ်းလုံအခြေချစစ်ဗျူဟာမှူးနှင့် အရာရှိမိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့သည့် ယိမ်းအကအဖွဲ့များ၊ တေးသံရှင်များ၊ တီးဝိုင်းအဖွဲ့တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ညပိုင်းတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်