မိုင်းယု ဧပြီ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်အကြတ်နေ့၌ နမ့်လွေချောင်းသာ အပန်းဖြေနေရာတွင် လာရောက်လည်ပတ်ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ နမ့်လွေချောင်းသာအပန်းဖြေနေရာမှာ မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသဲသောင်ပြင်အစပ်တွင်တည်ရှိပြီး ယင်းအပန်းဖြေနေရာကို ယခုနှစ်သင်္ကြန်ကာလ၌သာ ပထမဆုံးအကြိမ်တည်ဆောက်ပြုလုပ်ကြခြင်းဖြင့်ရာ ယမန်နေ့သင်္ကြန်အကြတ်နေ့ထိ ရပ်ဝေးရပ်နီးနှင့် ဒေသခံသင်္ကြန်ချစ်မြတ်နိုးသူတို့မှာ အပန်းဖြေမိသားစုပျော်ရွှင်စရာနေရာအဖြစ် လာရောက်လည်ပတ်၍ ရေကစားကာစားသောက်ကြခြင်းနှင့် မိသားစုများအမှတ်တရဓာတ်ပုံရိုက်ကြခြင်းတို့ဖြင့် စည်ကားနေလျက်ရှိသည်။
မိုင်းယုမြို့တွင် သင်္ကြန်ကာလအတွင်း လည်ပတ်နိုင်ရန်နှင့် ယိင်းကပြဖျော်ဖြေနိုင်ရန်အတွက် အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းတွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တစ်ခု၊ မြို့မရပ်ကွက်ရှိ မြို့ဝင်လမ်းဆုံတွင် မဏ္ဍပ်တစ်ခု စုစုပေါင်း မဏ္ဍပ်နှစ်ခုရှိပြီး အများပြည်သူများ လာရောက်လည်ပတ်နိုင်သည့် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသာအပန်းဖြေနေရာတစ်ခုတို့ တည်ဆောက်ထားလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်