မိုးကုတ် ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ တန်ခူးလ ၊ မဟာသင်္ကြန်ကာလအတွင်းတွင် မိုးကုတ်မြို့ ဓမ္မရံသီတရားစခန်း၊ မြေဇင်းတောရတရားစခန်း၊ မဂႅလာတိုက်တရားစခန်းများတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကာ ဒုလဘ္ဘရဟန်းဝတ်သူများ ၊ သီလရှင်ဝတ်သူများ ၊ (၁၀)ရက်တရားစခန်းဝင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၂၀၂၃-ခုနှစ်၊ ဧပြီလ၁၃ရက်နေ့မှ စ၍ မိုးကုတ်မြို့ အထင်ကရဘုရားများနှင့်အပန်းဖြေနေရာသို့ သွားရောက်လည်ပတ်ကြသလို စတုဒီသာအလှူကျွေးမွေးခြင်း၊ ရေကစားကြခြင်းဖြင့် အေးချမ်း ပျော်ရွင်စွာ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)