လောက်ကိုင် ဧပြီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းမှစ၍ သောက်သုံးရေလိုအပ်လျက်ရှိသောနေရာမျာသို့ သွားရောက်ရေလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မီးသတ်ဦးစီးဌာနမှ ရေစည်တင်မီးသတ်ယာဉ်ဖြင့် သောက်သုံးရေလိုအပ်လျက်ရှိသော လောက်ကိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် အများသုံးသောက်သုံးရေကန်များအား အခမဲ့ရေဖြန့်ဝေလှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ညိုညိုဝင်း (လောက်ကိုင်)