ပေါက်တောမြို့နယ်တွင် နှစ်သစ်ကူးအတာသင်္ကြန်အကြတ်နေ့ ​ရေပက်ခံထွက်သူများ၊ ရေကစားမဏ္ဍပ်များ၌ ရေကစားသူများဖြင့်စည်ကား

​ပေါက်တော ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင်ကျရောက်သည့် နှစ်သစ်ကူးအတာသင်္ကြန် အကြတ်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံထွက်သူများဖြင့် ယနေ့နံနက်ပိုင်းအချိန်မှစ၍ အထူးစည်ကားလျက်ရှိသည်။

ပေါက်တောမြို့နယ်တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတများနှင့်အတူ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင်လည်း ရေကစားမဏ္ဍပ်များဖွင့်လှစ်လျက်ရှိရာ အဆိုပါ ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားလျက်ရှိ​ပြီး မြို့ပေါ်ရပ်ကွက်များရှိ လမ်းများ၊ နေအိမ်များ ရှေ့တွင်လည်း ရေကစားမဏ္ဍပ်ငယ်များဖြင့်လည်း လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ကားများ၊ သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ခြင်းနှင့် လူငယ်များမှလည်း လမ်းလျှောက်ကာလှည့်လည်၍ ရေပက်ခံထွက်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)