ချောင်းဆုံမြို့နယ်အတွင်းရှိ နေရာအသီးသီးတွင် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် ရေကစားမဏ္ဍပ်တွင် ရေကစားသူများနှင့်စည်ကား

ချောင်းဆုံ       ဧပြီ    ၁၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌ မဟာသင်္ကြန်ကာလအတွင်း စတုဒိသာ ကျွေးမွေးသူများ ရေကစားသူများနှင့် စည်ကားလျက်ရှိရာ ယနေ့နံနက်တွင်လည်း စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် စတုဒိသာကျွေးမွေးသူများ ရေကစားသူများနှင့်စည်ကားလျက်ရှိသည်။

ချောင်းဆုံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်၌ ရိုးရာအစားအစာများကို ယခုကဲ့သို့ စတုဒိသာကျွေးမွေးလှူဒါန်းရာတွင် သင်္ကြန်ထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ အချိုရည်အအေးများစသည့် အစားအစာတို့ကို ကျွေးမွေးလှူဒါန်းခြင်းအပြင် ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ ဘုရားကျောင်းကန်များတွင် ဥပုဒ်သီလယူသူများ၊ ရေကစားမဏ္ဍပ်တွင်ရေကစားသူများနှင့် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်းများ ဆင်နွှဲခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)