ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာသက်ြန်ပွဲတော် အကြတ်နေ့ပြည်သူ့များ အေးချမ်းပျော်ရွင်စွာ အတာရေပက်ကစားသူများဖြင့် စည်ကား

ဒဂုံအရှေ့ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော် အကြတ်နေ့ ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပရာ ရေပက်ခံထွက်သူများ၊ ရေပက်သူများဖြင့်မြို့နယ် ဗဟိုမဏ္ဍပ်ရှေ့ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ ယိမ်းအကများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သက်ြန်အကြတ်နေ့အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် အညီအစဉ်အလာ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာယိမ်းအက၊‌ ဖျော်ဖြေရေးသင်္ကြန်သီချင်းနှင့် တေးသီချင်းများသီဆိုကာ မြူးထူးပျော်ရွှင်စွာဖြင့် ရေကစားကြရာမင်းရဲကျော်စွာလမ်းနှင့် ပင်းယလမ်းတစ်လျှောက် မြို့နယ်အတွင်း သင်္ကြန်ဗဟိုရေကစားမဏ္ဍပ်တို့၌ စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ရပ်ကွက်၊ ကျေးရွာမှတာဝန်ရှိသူများနှင့် အတူပြည်သူများက မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွဲကာ ယိမ်းလှပျိုဖြူများ၊ တေးသံရှင်များ၊ ဝါသနာရှင်များ၏ အဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)