တန့်ယန်းမြို့နယ်တွင် သင်္ကြန်အကြတ်နေ့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ အတာသင်္ကြန်ပွဲဆင်နွှဲ

တန့်ယန်း ဧပြီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်၏ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များ၌ ပျော်ရွှင်ကြည်နူးစွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိပြီး ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရှမ်းစာပေနှင့်ယဉ်ကျေးမှု မဏ္ဍပ်တွင် စိတ်အေးချမ်းပျော်ရွှင်စွာ အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲသည်။

ထိုသို့ စိတ်အေးချမ်းပျော်ရွှင်စွာ အတာသင်္ကြန်ပွဲတော်ကြီးကို ဆင်နွှဲကြရာတွင် အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုမဏ္ဍပ်တွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၏ သင်္ကြန်မယ်များနှင့် တိုင်ရင်းသားယဉ်ကျေးမှုအဖွဲ့များက အကအလှများဖြင့် တင်ဆက်ရာ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်းနှင့် ဇနီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ ဦးစိုင်းယီထွန်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းရွှေလှ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို စိတ်အေးချမ်း ပျော်ရွှင်စွာဆင်နွှဲကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)