မြောက်ဥက္ကလာပ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ကို ယနေ့နံနက် ၈ နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံရှေ့ အတာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
အဆိုပါမဏ္ဍပ်တွင် မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဖျော်ဖြေရေးအစီအစဉ်အား စီစဉ်ဆောင်ရွက်ထားပြီး မဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့တွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်၌ ပြည်သူများမှ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းများကို ပျော်ရွင်စွာဆင်နွှဲခဲ့သည်။
ဆက်လက်၍ ညနေ ၃ နာရီတွင်မြို့နယ်လျှပ်စစ်၊ မြို့နယ်မီးသတ်၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား စတုဒိသာအလှူအဖြစ် ရွှေရင်အေး၊ သာကူကြိုများ ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြမြဝင်း(ပြန်/ဆက်)