ချောင်းဆုံ ဧပြီ ၁၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၏ ထင်ရှားလှသည့် ဧည့်သည်ခေါ် ဘုရားပွဲတော်များကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နှစ်သစ်ကူးအတာသင်္ကြန်ကာလ သင်္ကြန်အကြတ်နေ့ ချောင်းဆုံဘုရား ပွဲတော်သို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချောင်းဆုံမြို့နယ် ဗဟိုမဏ္ဍပ်တွင်သင်္ကြန်ယိမ်း အဖွဲ့များ၏ အကအလှ ဖျော်ဖြေနေမှုများ ကြည့်ရှုကာယိမ်းအဖွဲ့များအား ဆုတော်ငွေများချီးမြှင့်ပေးခဲ့ကြပြီး ဘုရားပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်ကြသူများ နှင့်ရေကစား ကြသူများအား မြို့အနှံ့လည့်လှည်ကြည်ရှုခဲ့ကြသည်။
ချောင်းဆုံမြို့နယ်တွင် နှစ်သစ်ကူး သင်္ကြန်ကာလ ဘုန်းတော်ကြီး ကျောင်းများတွင် ဉပုသ်သီလ ဆောက်တည်ခြင်း သက်ကြီးရွယ်အို ပူဇော်ပွဲများပြုလုပ်ခြင်း စတုဒီသာမဏ္ဍပ်များနှင့်ရက်အလိုက် ဧည့်သည် ခေါ်ဘုရားပွဲတော်များကိုလည်း ရိုးရာအစဉ်အလာများအတိုင်း ကျင်းပခြင်းများကို ပြုလုပ် လျက်ရှိကြောင်း သိရသည်။
မင်းဧက(ချောင်းဆုံ)