တံတားဦး ဧပြီ ၁၅
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၏ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ယနေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားနီး ဗဟိုမဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်၍ ရေကစားလေ့ရှိကြောင်းသိရသည် ။
ထို့သို့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စီစဉ်ဆောင်ဆောင်ရွက်ပေးလျက်ရှိပြီး စတုဒိသာကျွေးမွေးခြင်း၊ မဟာသင်္ကြန်ယိမ်းအကအလှများ၊ စတိတ်ရှိုးတေးဂီတများဖြင့် တီးခတ်ဖျော်ဖြေခြင်းတို့ကို ပြည်သူများ အပန်းပြေပျော်ရွှင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။
ယနေ့မဟာသင်္ကြန်(အကြတ်နေ့)တွင်လည်း ယိမ်းအကအလှများ၊ စတိတ်ရှိုးတေးဂီတများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေပေးကြပြီး မဟာသင်္ကြန်(အတတ်နေ့) နံနက်ပိုင်းအချိန်တွင်လည်း စတိတ်ရှိုးတေးဂီတများဖြင့် ဧည့်ခံဖျော်ပေးမည်ဖြစ်ပြီး ညနေ(၅)နာရီအချိန်တွင် မဟာသင်္ကြန်ပိတ်ပွဲကိုလည်း ကျင်းပပေးမည်ဖြစ်ကြောင်း၊ လာရောက်အပန်းဖြေသူများ အေးချမ်းလုံခြုံမှုရှိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)