ဒဂုံ ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရေကစားကြ သူများ၊ ရေပတ်ခံ ထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ မဏ္ဍပ်များတွင် လည်း ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲတော်ကို ယနေ့သင်္ကြန်အကြတ်နေ့တွင်လည်း အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြို နေ့မှ ၁၆ရက် သင်္ကြန်အတက်နေ့အထိ ပြည်သူ့ရင်ပြင်ရှိရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ သီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေး သွားမည် ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းများကိုလည်း နေ့စဥ်လှူဒါန်း လျက်ရှိကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်