စမ်းချောင်း ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရား၌ သင်္ကြန်အကြတ်နေ့တွင် ဥပုသ်သီတင်းဆောက်တည်သူများ၊ ကုသိုလ် ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အတုလာ ဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရားတွင် နံနက်(၁၀)နာရီ တစ်ကြိမ်၊ နေ့လယ်(၂)နာရီ တစ်ကြိမ်၊ စုစုပေါင်း တစ်နေ့(၂)ကြိမ် တရားပေးလျက်ရှိပြီး အလှူရှင် စေတနာရှင်များကလည်း စတုဒီသာများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင်လည်း သီလဆောက်တည်သူများ၊ ကုသိုလ် ဒါနပြုလုပ်သူများနှင့် စည်ကားလျက်ရှိရာ မဟာသင်္ကြန်ကာလအတွင်း ဒုလ္လပတ်ရဟန်းနှင့် သီလရှင်များ၊ ယောဂီများမှ လာရောက် တရားအားထုတ်လျက်ရှိပြီး ဒုလ္လပတ်ရဟန်းသံဃာတော်များမှ ရပ်ကွက်များသို့ ဆွမ်းလှည့်လည် အပူဇော်ခံလျက်ရှိရာ ရပ်ကွက်အသီးသီးမှ အလှူရှင်စေတနာရှင်များက ဆွမ်း၊ ခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နီလာစိုး