ဝမ်းတွင်း ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ပညာရေးယိမ်းအဖွဲ့(၁)မှ မြူမှုန်ဝေနှင်း၊ ရွှန်လန်းချမ်းမြေ့ပါစေ သီချင်းဖြင့် လည်းကောင်း၊ ပညာရေးယိမ်းအဖွဲ့(၂)မှ သင်္ကြန်မိုး၊ မူယာကျော့သီချင်းတို့ဖြင့် လည်းကောင်း၊ ဝမ်းတွင်း ယိမ်းအဖွဲ့မှ တစ်နှစ်ဆန်း တစ်နှစ်လွမ်း၊ နှစ်ကူးသက်သေတေးသီချင်းများနဲ့ လည်းကောင်း ဖျော်ဖြေ ကပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော် အရာရှိများနှင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဏပ်များတွင် ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ရေပတ်ခံထွက်သူများ၊ ရေကစားသူများနှင့် စည်ကားလျှက်ရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)