လင်းခေးတွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် အကြတ်နေ့၌ အများပြည်သူတို့ အေးချမ်းစွာ ရေပက်ကစားစည်ကားလျက်ရှိ

လင်းခေး ဧပြီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ သင်္ကြန်အကြတ်နေ့၌ မြို့နယ်အတွင်းရှိ အများပြည်သူတို့သည် တည်ငြိမ်အေးချမ်းစွာဖြင့် မဟာသင်္ကြန်ပွဲကိုဆင်နွှဲလျက်ရှိကြောင်း သိရသည်။

သင်္ကြန်အကြိုနေ့၌ မြို့နယ်အတွင်းရှ်ိ ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားများ အသီးသီးကျင်းပခဲ့ကြပြီး၊ ယမန်နေ့သင်္ကြန် အကျနေ့နှင့် ယနေ့အကြတ်နေ့အထိ အများပြည်သူတို့က ရေပက်ခံလှည့်လည်ထွက်ခြင်း၊ သင်္ကြန်ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာ သင်္ကြန်အက၊ ရှမ်းတိုင်းရင်းသားရိုးရာ သင်္ကြန်အကများ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ တေးဂီတ သီဆိုဖျော်ဖြေတင်ဆက်ခြင်းနှင့် စတုဒီတာ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် စုပေါင်းဆင်နွှဲလျက်ရှိပါသည်။

လင်းခေးမြို့နယ်အနေဖြင့် မြို့တွင်းသင်္ကြန် ရေကစားဗဟိုမဏ္ဍပ်(၂)ခုဆောင်ရွက် ထားရှိပြီး၊ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ၊ သင်္ကြန်ယိမ်းအကအဖွဲ့(၂၆)ဖွဲ့တို့က နေ့စဉ်(နေ့/ည)ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်ခြင်းဖြင့် အေးချမ်းစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)

ခရိုင်(ပြန်/ဆက်)