ဒဂုံဆိပ်ကမ်း ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့) တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြန်မ့ာရိုးရာ မဟာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ရာ ယိမ်း အဖွဲ့ များက အလှည့်ကျကပြဖျော်ဖြေခြင်း၊ အနုပညာရှင်များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များက တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြပြီး မဏ္ဍပ်သို့ လာရောက်ရေကစားသူ ပြည်သူများအား စတုဒီတာများ ဖြင့်ကျွေးမွေးခဲ့ကြောင်းသိရှိရသည်။
ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အေးမဥ္ဇူ