ညောင်ဦးမြို့နယ် သီရိပစ္စယာရပ် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းပိုးထောက်ပံ့ပေးအပ်

ညောင်ဦး  ဧပြီ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ သီရိပစ္စယာရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများသို့အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေနှင့် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကိုဧပြီ ၁၅ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် ထံကသိရသည်။

အဆိုပါ ပုဂံမြို့သစ်၊ သီရိပစ္စယာရပ်ကွက်၌ ဧပြီ ၁၃ ရက်၊ နံနက် ၉ နာရီခွဲအချိန်ခန့် ကမီးလောင်မှုကြောင့် အိမ်ထောင်စု (၁)စု၊ မီးလောင်ဆုံးရှုံး ခဲ့ခြင်းဖြစ်ကြောင်း၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၁၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၀၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ ပစ္စည်းများအား၊  လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း