ဒလ ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများအား သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ DJ Music များဖြင့် ဖျော်ဖြေမှုများကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင် ဆင်နွှဲလျက်ရှိကြောင်းသိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်တွင် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များမှ အားပေးကြည့်ရှု့ခဲ့ကြပြီး လာရောက်ကပြ ဖျော်ဖြေကြသည့် ယိမ်းအကအဖွဲ့များအား ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်ကာလ၌ သင်္ကြန်အကြတ်နေ့အထိ ရပ်ကွက်အသီးသီးမှ သင်္ကြန်ရေပက်ခံထွက်သူများနှင့် အပန်းဖြေရေကစား သူများဖြင့် များပြားလျက်ရှိပြီး လာရောက်အပန်းဖြေ ရေကစားသူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေ ရေကစားနိုင်ရေး မြို့နယ်အတွင်းရှိတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးထားပြီး အပန်းဖြေရေကစား သူများအား စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတိုက် အသီးသီးတို့တွင် တရားဒေသနာတော် နာယူကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့် ကုသိုလ် ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြင့်ဇော် (ပြန်ဆက်)