ကျောက်တန်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)၌ ပြည်သူများ​ ​ပျော်ရွှင်စွာရေကစားလျက်ရှိ

ကျောက်တန်း ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊​ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်း​ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ မြို့နယ်မဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော် သင်္ကြန်အကြတ်​နေ့ကိုလည်းအေးချမ်း​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ​ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ရက် သင်္ကြန်အတက်နေ့အထိ မြို့နယ်ရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လမ်း​လျှောက်သင်္ကြန်နှင့် စတုဒိသာ​ကျွေးမွေးခြင်းများကိုလည်း ​နေ့စဥ်လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

မြို့နယ်ပြန်/ဆက်