ရမည်းသင်းမြို့နယ်အတွင်း ၁၃၈၄ ခုနှစ်၊ သင်္ကြန်ကာလ သက်ကြီးရွယ်များ ဉပုတ်သီလ ဆောက်တည်သူများနှင့် တရားစခန်းဝင်ရောက်သူများပြား

ရမည်းသင်း ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကတင်အုပ်စု၊ ကတင်ကျေးရွာ+ဇီးဖြူကန်ကျေးရွာ သောဘိတာရာမမဟာ ဗောဓိကုန်းပရိယတ္တိစာသင်တိုက်၊ သစ္စာရောင်ခြည်ဓမ္မဗိမာန်တော်၌ ရွှေသစ္စာသောတုဇနဥပထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သောပထမအကြိမ် သင်္ကြန်တွင်းမိုးကုတ်ဝိပဿနာ အချိန်ပိုင်းတရားစခန်း တတိယနေ့ (သင်္ကြန်အကျနေ့) သီလဆောက်တည်သူ များပြားလျက်ရှိသည်။

ဆိုပါတရားစခန်းကို ကမ္မဋ္ဌာန်းနည်းပြဆရာတော် မဟာဗောဓိကုန်းပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (ဂန္ထဝါစကပဏ္ဍိတ)၏တပည့်၊ အရှင်ဝါသေဋ္ဌ (စာချနာယက) သာသနဓဇဓမ္မာစရိယ ကနေ့စဉ်နံနက် ၅ နာရီမှ ၆ နာရီခွဲတွင် လည်းကောင်း၊ မွန်းတည့် ၁၂ နာရီမှ ၂ နာရီခွဲထိ လည်းကောင်း၊ ည ၇ နာရီမှ ၉ နာရီထိ လည်းကောင်း(၇)ရက် တရားပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရမည်းသင်းမြို့၊ ကတင်မဟာဓိကုန်း ပရိယတ္တိစာသင်တိုက်ကြီးတွင် တရားအားထုတ်သူ(၁၅၆)ဦး ရှိကြောင်း သိရသည်။

ဇော်ဝင်းအောင်

ရမည်းသင်းခရိုင် (ပြန်/ဆက်၊)